Back to All Events

Meet the Changemakers: Tun Khin

Meet the Changemakers

Tun Khin

President of the Burmese Rohingya Organisation UK


WHEN:

Wednesday, December 11, 2024, 1 p.m. Bangkok


WHERE:

The Fort, Bangkok and Live on The Fort’s Facebook Page

Meet Tun Khin, the President of Burmese Rohingya Organisation UK (BROUK).

On the heels of the recent announcement by the International Criminal Court seeking an arrest warrant for Myanmar junta leader Min Aung Hlaing, join an event at The Fort to hear insights from Rohingya human rights defender Tun Khin about accountability efforts to address atrocities committed by the Myanmar military.

Tun Khin is an international advocate with experience testifying before the U.S. Congress, the U.K. Parliament, and the U.N. Security Council. In 2019, Tun Khin, along with five Rohingya genocide survivors and two Latin American human rights organizations, petitioned Argentina under the principle of universal jurisdiction to investigate international crimes committed by the Myanmar military against the Rohingya people. The prosecutor in the case has requested the court in Argentina to issue arrest warrants for Myanmar military and government officials responsible for genocide and crimes against humanity committed against the Rohingya.

Come to The Fort on Wednesday, December 11 to learn more about Tun Khin’s lifelong work for human rights in Myanmar. This event will be moderated by The Fort Director Puttanee Kangkun.

The Fort’s “Meet the Changemakers” events provide an opportunity to engage with and learn about the activities and initiatives of individuals, organizations, and coalitions dedicated to creating positive, rights-based change in Asia.

This event is open to the public and free of charge. It will also be live-streamed on The Fort’s Facebook Page with simultaneous Burmese language interpretation.

For media requests or more information, please contact:

Kanlayawee Waewklayhong, The Fort Associate, The Fort 
Language: English, Thai
Email: thefort@thefort.space
Tel: +66 82 258 2584



အပြောင်းအလဲ ဖန်တီးသူများနှင့် တွေ့ဆုံခြင်း

ထွန်းခင်

Burmese Rohingya Organisation UK အဖွဲ့၏ ဥက္ကဋ္ဌ 

အချိန်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၁ ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊ ဘန်ကောက်မြို့။

ကျင်းပမည့် နေရာ

The Fort, ဘန်ကောက်
The Fort’s Facebook Page တွင်လည်း တိုက်ရိုက်ထုတ်လွှင့်ပါမည်။

  

Burmese Rohingya Organisation UK (BROUK) အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ထွန်းခင်နှင့် မိတ်ဆက်ပေးပါရစေ။ မကြာသေးခင်က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး၏ အဆိုတင်သွင်းမှု ကြေငြာချက်အပေါ် မြန်မာစစ်တပ်ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုတွေအား တာဝန်ယူမှု တာဝန်ခံမှု ရရှိစေဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ထွန်းခင်ဆီမှ လေ့လာရန် The Fort မှ ပြုလုပ်သည့်ပွဲအား တက်ရောက်ရန် ဖိတ်ခေါ်အပ်ပါသည်။

ထွန်းခင်သည် အမေရိကန်ကွန်ဂရက်၊ ယူကေပါလီမန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ ရှေ့မှောက်တွင် သက်သေခံထွက်ဆိုဖူးသည့် နိုင်ငံတကာတွင် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး တိုက်တွန်းပြောဆိုသူတစ်ဦး ဖြစ်သည်။ ထွန်းခင်သည် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှ အသက်ရှင်လွတ်မြောက်လာသူ ၅ ဦး နှင့် လက်တင်အမေရိကန် လူ့အခွင့်အရေးအဖွဲ့အစည်း နှစ်ခုတို့ နှင့်အတူ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ် ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအား “ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်” အရ စုံစမ်းစစ်ဆေးရန် ၂၀၁၉ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံသို့ အသနားခံလွှာတင်ခဲ့သည်။ အဆိုပါစုံစမ်းစစ်ဆေးမှုတွင် ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုများအတွက် တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ အစိုးရအရာရှိများအား ဖမ်းဝရမ်းထုတ်ပေးရန် အစိုးရရှေ့နေသည် အာဂျင်တီးနားတရားရုံးအား တောင်းဆိုခဲ့ပါသည်။

မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ထွန်းခင်၏ တစ်သက်တာလုပ်ဆောင်နေမှုများကို ပိုမိုလေ့လာသိရှိနိင်ရန်အတွက် ဒီဇင်ဘာလ ၁၀ရက်နေ့မှာ The Fort သို့လာရောက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။ ဤအခမ်းအနားသည် The Fort ၏ ဒါရိုက်တာဖြစ်သူ Puttanee Kangkun မှ  ပွဲစီစဉ်တင်ဆက်သူအဖြစ် တာဝန်ယူ တင်ဆက်သွားမည် ဖြစ်ပါသည်။

The Fort ၏ “အပြောင်းအလဲ ဖန်တီးသူများနှင့် တွေ့ဆုံခြင်း” အခမ်းအနားသည် လူ့အခွင့်အရေးကိုအခြေခံပြုပြီး အပြုသဘောပြောင်းလဲမှုများရရှိစေရန် ကြိုးစားဖန်တီးနေကြသော အာရှနိုင်ငံများမှ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းများနှင့် မဟာမိတ်အဖွဲ့များ၏ လှုပ်ရှားမှုများနှင့် အစပြုဆောင်ရွက်နေခြင်းများအကြောင်းကို လေ့လာသိရှိနိုင်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်စေရန် ရည်ရွယ်စီစဥ်ထားခြင်းဖြစ်သည်။

ဤပွဲအစီအစဥ်ကို အများပြည်သူ အခမဲ့ တက်ရောက်နိုင်ပါသည်။ The Fort Facebook တွင်လည်း မြန်မာနှင့် အင်္ဂလိပ်ဘာသာများဖြင့် တစ်ပြိုင်နက် ဘာသာပြန်ဆိုချက်များဖြင့် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

The Fort အကြောင်း 

The Fort သည် အရှေ့တောင်အာရှရှိ လူ့အခွင့်အရေးကာကွယ်သူများနှင့် အပြောင်းအလဲပြုလုပ်သူများအတွက် နေရာတစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်တွင် တည်ရှိပြီး The Fort သည် အပြောင်းအလဲဖန်တီးသူများအနေဖြင့် လူမှုအသိုက်အဝန်းဖော်ဆောင်ခြင်း၊ တွဲဖက်ဆောင်ရွက်မှုလုပ်ငန်းများ မြှင့်တင်ခြင်းနှင့် တိုက်ရိုက်ချိတ်ဆက်လုပ်ဆောင်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဘေးကင်းလုံခြုံပြီး လက်လှမ်းမီနိုင်သည့် နေရာတစ်ခုအဖြစ် ပံ့ပိုးပေးပါသည်။

မီဒီယာတောင်းဆိုမှုများ သို့မဟုတ် နောက်ထပ်အချက်အလက်များအတွက် ဆက်သွယ်ရန် -

Kanlayawee Waewklayhong, The Fort Associate, The Fort
ဘာသာစကား - အင်္ဂလိပ်၊ ထိုင်း
Email: thefort@thefort.space
Tel: +66 82 258 2584



Previous
Previous
December 8

Private Meeting